ပြည်ကြီးမဏ္ဍိုင် ဖေဖော်ဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပသည်။
ကျောင်းသား၊ ကျောင်းသူများသည် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်မည့်သူများဖြစ်သည့် အတွက် စာပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး အသိပညာဗဟုသုတရရှိစေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရန်၊ အမှားအမှန်ဝေဖန် ပိုင်းခြားတတ်စေရန်အတွက်စာအုပ်စာစောင်များ ခင်းကျင်းပြသရာတွင် သုတ/ရသ စာအုပ်များ၊ ကလေးစာပေများ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများနှင့် ပတ်သက်သည့် အကြောင်းအရာများအား ဗဟုသုတ ရရှိစေရန်ပြသခဲ့ရာ အ.လ.က (ပြည်ကြီးမဏ္ဍိုင်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)