ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

တောင်ငူ၌ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များငှားရမ်း

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများ စာပေကိုလက်လှမ်းမီစွာ ဖတ်ရှုလေ့လာနိုင်စေရန်၊ ​စာဖတ်သည့်အလေ့အထများရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝစရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်‌စေရန်ရည်ရွယ်၍ ရွေ့လျား‌စာကြည့်တိုက်‌ မော်တော်ယာဥ်ဖြင့် စာအုပ်စာစောင်များအား ပြည်သူများလက်ဝယ်အရောက်သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာနနှင့် ခရိုင်စီမံကိန်းဦးစီးဌာနရုံးသို့ သွား‌ရောက်ငှားရမ်း‌ဆောင်ရွက်‌ပေးခဲ့‌​ကြောင်း သိရသည်။

(၁၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တက်ရောက်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်မည့် (၁၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်း မဟာဘုံကထိန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ (၂၂)ကြိမ်မြောက် အသံမစဲမဟာမြတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ကျင်းပ

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ (၂၂)ကြိမ်မြောက် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ဘုရားကြီးကုန်းတော်ပေါ်၌ ကျင်းပရာ အခမ်းအနားသို့ နမ့်ဆန်မြို့နယ်အတွင်း ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် (၁၀)ပါးနှင့် သီလရှင်ဆရာကြီး/ဆရာလေး (၅၀)ပါး၊  ဒေသစီမံအုပ်ချုပ်ရေးဥက္ကဌ တားသိန်းဇော်၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ ၊ မြို့မိမြို့ဖများနှင့် စေတနာရှင်/ အလှူရှင်များ၊ မိဘပြည်သူများ တက်ရောက်ကြသည်။

မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲမှ ဆက်လက် ရေကျော်ကျ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးအတွက် တောင်သူများ အားထားရသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့်ဘုတ်ချောင်းဆည်များရှိသည့်အနက် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ယနေ့ နံနက်ပိုင်းတွင် ဆက်လက် ရေကျော်ကျလျက် ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း) ဒုတိယအကြိမ်မြောက် တနိုင်းမြို့နယ်လုံးဆိုင်ရာ သံဃဒါနသလာကဘတ္တစာရေးတံမဲလှူဒါန်းပူ‌ဇော်ပွဲ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) ဒုတိယအကြိမ်မြောက် တနိုင်းမြို့နယ်လုံးဆိုင်ရာ သံဃဒါနသလာကဘတ္တစာရေးတံမဲလှူဒါန်း ပူ‌ဇော်ပွဲကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၈ နာရီခွဲက တနိုင်းမြို့၊ ထေရဝါဒဗုဒ္ဓ သာသနာပြုဗဟို (မြို့မ) ကျောင်းတိုက်၌ လှူဒါန်းပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ၃/၂၀၂၃ သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၃/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းနားကို အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်ကြက်ခြေနီအသင်းရုံး၌ ကျင်းပခဲ့သည်။

​​​​​​​လဲချားတွင် လူငယ်နှင့်မူးယစ်ဆေး အန္တရာယ်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မူးယစ်ဆေးအသိပညာပေး နည်လှည့်ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(နောင်မိန်း)တွင် ဟောပြောဆောင်ရွက်ခဲ့သည်။

လင်းခေးတွင် အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှူး၍ အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီက အဆိုပါဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

မန့်ဟီးရိုးမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းပိတ်ရက်များ၌ စာဖတ်/စာငှား ကျောင်းသား/သူများ တိုးပွားလာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာတိုက်တွင် ကျောင်းပိတ်ရက်များနှင့် အားလပ်ချိန်များတွင် စာဖတ်ကျောင်းသား/သူများ၊ စာငှားဒေသခံပြည်သူများ တိုးပွားလာလျက်ရှိပါသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ