ညောင်တုန်း မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) နှင့် လမ်းတံတား အရည်အသွေးထိန်းသိမ်းရေးအဖွဲ့တာဝန်ရှိသူများက ညောင်တုန်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စံကင်းကျွန်း ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း၊ စက္ကော့-အင်းမ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းနှင့် ကျုံပလောင်-ငါးသန့်ချောင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများကို ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်ဆက်)