ချောက်မြို့နယ်၌ မီးဘေးလုံခြုံ​ရေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြသ

ချောက် မတ် ၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မီးဘေးလုံခြုံ​ရေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများအား မီးဘေး လုံခြုံရေးအတွက် လိုက်နာရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးဟောပြော​ခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက​ မီးငြိမ်းသတ်ရေးလက်တွေ့သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးဝင်းသန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဌေး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများတက် ရောက်ခဲ့ကြောင်းသိရသည်။

ကျော်မိုး(ပြန်/ဆက်)