သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခန်းဆုံး တတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲ တတိယနေ့အေးချမ်းစွာဖြေဆို

သံတောင်ကြီး  ဖေဖော်ဝါရီ  

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခန်းဆုံး တတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲ  ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ(၂၀)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ပြီး တတိယနေ့ သင်္ချာဘာသာရပ်ကို ယနေ့နံနက်(၉) နာရီအချိန်က  သံတောင်ကြီးမြို့  အခြေခံပညာအထက်တန်းကျောင်းတွင် Grade – 4 Grade – 6 Grade – 7 Grade – 8 Grade – 10 Grade – 11 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင်  ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၌  ကျောင်းသူ/ကျောင်းသားများမှာ အေးချမ်းပျော်ရွင်စွာ ပညာသင်ယူခဲ့ကြပြီးယနေ့၌ အတန်းတင်စမေးပွဲ(တတိယနေ့) သင်္ချာဘာသာရပ်အား ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ အဆိုပါစာမေးပွဲဖြေဆိုနေမှုကို ကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးနှင့် တာဝန်ကျ ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ