နတ်တလင်း မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီတွင် ပန်းချီပညာကို တတ်မြောက်နိုင်စေရန် ရည်ရွယ်၍ နွေရာသီ (အခမဲ့) သင်တန်းအဖြစ် ပန်းချီသင်တန်းကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ပန်းချီသင်တန်းဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်လဲ့ဝါမြင့်က ပန်းချီသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဦးဝင်းမြင့် ပန်းချီဆရာမှ ပန်းချီအခြေခံနှင့် လူပုံရေးဆွဲနည်း၊ ရှုခင်းရေးဆွဲနည်း၊ သရုပ်ဖော် ဒီဇိုင်းနှင့် လက်ရေး၊ အခြေခံမျဉ်း ရေးဆွဲနည်းစသည့် ပန်းချီပညာရပ်များကို သင်တန်းသား (၁၀)ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး ပန်းချီသင်တန်းကာလမှာ မတ်လ(၆) ရက်နေ့မှ မတ်လ(၇)ရက်နေ့အထိ နေ့လယ်(၁)နာရီအချိန်မှ ညနေ (၄)နာရီ အချိန်အထိ (၂)ရက်ကြာ ဖွင့်လှစ်သင်ကြားသွား မည်ဖြစ်သည်။
နွေရာသီ အခမဲ့ သင်တန်းများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Cnetre) ခန်းမတွင် အဆိုပါ ပန်းချီသင်တန်းအပြင် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အတတ်ပညာ ဗဟုသုတရရှိစေမည့် သင်တန်းများ ကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)