ဒိုက်ဦးမြို့နယ်၌ ၂ဝ၂၄ ခုနှစ်၊ ခရိုင်အဆင့် အခြေခံစာတတ်မြောက်ရေး သင်တန်း စတင်ဖွင့်လှစ်

ဒိုက်ဦး ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ၂ဝ၂၄-ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြ ဆင့်ပွားသင်တန်းကိုယနေ့ဧပြီလ ၆ ရက်နေ့တွင် စတင်သင်ကြားလျက်ရှိသည်။

အဆိုပါသင်တန်းကို ဧပြီလ ၆ ရက်နေ့မှစတင်၍ မေလ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၄၀ အတွင်းသင်တန်းနည်းပြ (၅၈)ဦး၊ကြီးကြပ် ၆ ဦးအား(၅၈)နေရာရှိ သင်တန်းသာစုစုပေါင်း (၅၈၅၆)ဦးကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းများပို့ချရာ သို့ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များမြို့နယ် ပညာရေးမှူးဒေါ်နော်ခရီစဲလ်ဒါနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)