ကျွန်းလှ ဖေဖေါ်ဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင် အသိပညာပေးရှင်းလင်းပွဲကို ဖေဖေါ်ဝါရီ ၂၃ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းဇော်ထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်နှင့် ပြဌာန်းချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အချက်များ၊ အကျိုးခံစားခွင့်၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးရှင်းလင်းပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း (၃၉) ဦးတက်ရောက်ကြကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)