သရက်မြို့၌ ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂(နေ့စား) သင်တန်းပို့ချနေမှုအား မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ကြည့်ရှုအားပေး

သရက် ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ (နေ့စား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၁၉) ရက်နေ့မှစတင်၍ သင်တန်းသား (၆၆) ဦး ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက သင်တန်းပို့ချနေမှုကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းပို့ချနေမှုအား မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း ကြည်ရှုအားပေးရာ သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိစေရေးအတွက်ဖြစ်၍ သင်တန်းသား/ သင်တန်းသူများအနေဖြင့် ကြိုးစားလေ့လာသင်ယူကြရန်နှင့် ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် သင်တန်းနည်းပြများကလည်း စေတနာထား၍ စာတွေ့လက်တွေ့သင်ကြားပို့ချပေးကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)