စစ်ကိုင်းမြို့ရှိ ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်း မတ် ၅

စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့တို့ပူးပေါင်း၍ မတ်လ ၃ ရက်နေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့မဈေးနှင့် ရွှေမင်းဝံစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်ဟန်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုမဖြစ်ပေါ်စေရေး၊ မီးလောင်မှုဖြစ်ပွားပါက မြန်မြန်သိ၍ မြန်မြန်ငြှိမ်းသတ်နိုင်ရေးဆောင်ရွက်ထားရှိမှု၊ ထိရောက်လျှင် မြန်စွာမီးငြှိမ်းသတ်ရေးစနစ်များ ထပ်မံဖြည့်တင်းတပ်ဆင်နိုင်ရေး၊ ဆက်သွယ်ရေးစနစ်များကောင်းမွန်စေရေး၊ လောင်စာသိုလှောင်ထားရှိမှု၊ ဝင်လမ်းထွက်လမ်းများ ကောင်းမွန်စေရေး၊ အရေးပေါ် ရေလုံလောက်စွာရရှိစေရေး၊ ဈေးများအတွင်းမီးဖိုမီးအသုံးပြုမှုမရှိစေရေး စစ်ဆေးခဲ့ပြီး စျေးသူ၊ စျေးသားများအား အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ 191 Report application အား တွင်တွင်ကျယ်ကျယ် အသုံးပြုတတ်စေရေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နေလင်းအောင်(ပြန်/ဆက်)