စစ်ကိုင်းတိုင်းဒေသကြီး

မင်းဘူးမြို့၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စတင်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အားကစားကို ခုံခုံမင်မင်ဖြင့် လေ့လာလိုက်စားကာကစားလာကြစေရန်နှင့် လွတ်လပ်ရေးနေ့ကို အမှတ်ရစေပြီး တန်ဖိုးထားတတ်‌စေရန်ရည်ရွယ်၍ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၌ လူသုံးကုန်နည်းပညာထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ်(၂/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့နံနက် ၉ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

ရွှေဘိုမြို့၌ ဖိနပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုမြို့၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဖိနပ်ချုပ်  သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

မုံရွာတက္ကသိုလ်တွင် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မုံရွာတက္ကသိုလ်(နေ့သင်တန်း)နှင့် မုံရွာတက္ကသိုလ် (အဝေးသင်သင်တန်း)တို့၏ (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ(၂၈)ရက်‌နေ့မှ (၃၀)ရက်နေ့အထိ အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုမြို့၌ မုန့်လုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုမြို့၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မုန့်မျိုးစုံ ပြုလုပ် နည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

ချောင်းဦးမြို့ တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲ၌ ယူရီးယားမြေသြဇာအိတ်များ သက်သာသော စျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဒီဇင်ဘာ ၂၈ ရက်နေ့က ဆောင်းသီးနှံ(ဂျုံ)စိုက် တောင်သူများအား ဖိတ်ကြားပြီး နေကြာသီးနှံ သီးထပ် သီးညှပ်စိုက်ပျိုးရေး တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ ပြုလုပ်၍ တိုင်းဒေသကြီးအစိုးရ အစီအစဥ်ဖြင့် ရရှိလာသော ယူရီးယားမြေသြဇာအိတ်များကို သက်သာသော စျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော်၊ သံဃာတော်အား ဆွမ်း၊ ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက်ကြီး ၆ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်ကျောင်း ၇ ကျောင်းမှ သီလရှင်ဆရာကြီး/ ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းကျင်းပရာ ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ဆုတောင်းပြည့်စေတီတော်ကြီး၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ဆုတောင်းပြည့်စေတီတော်ကြီး၌ အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ဘောဂရံသီဝိပဿနာဓမ္မာရုံကြီး၌ကျင်းပရာ ဖွင့်ပွဲအခမ်းအနား သို့တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ရွှေဘိုမြို့၌ မုန့်လုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုမြို့၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌တွင် ကျင်းပခဲ့​ကြောင်း သိရသည်။        
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး