ကျွန်းလှ ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့နံနက် ၉ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
အမျိုးသားဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့် သစ်တောဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းက လေးဂိုး၊ သုံးဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဌာနအသီးအသီးမှ ပြိုင်ပွဲ (၆)သင်း၊ အားကစားသမား (၇၂) ဦးဖြင့် ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ ကျင်းပခဲ့ကြောင်း၊ ပထမနှင့် ဒုတိယဆုရ အားကစားအသင်းများအား (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား၌ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)