မုံရွာတက္ကသိုလ်တွင် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

မုံရွာ ဒီဇင်ဘာ ၃၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မုံရွာတက္ကသိုလ်(နေ့သင်တန်း)နှင့် မုံရွာတက္ကသိုလ် (အဝေးသင်သင်တန်း)တို့၏ (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ(၂၈)ရက်‌နေ့မှ (၃၀)ရက်နေ့အထိ အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မုံရွာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ‌
သန်းသန်းဝင်းက ဘွဲ့ရ‌မောင်‌မယ်များအား ဘွဲ့ချီးမြှင့်ပြီး မိန့်ခွန်းစကားပြောကြားရာတွင် ယခုကျင်းပသော အခမ်းအနားမှာ ၂၀၂-၂၀၂ ပညာသင်နှစ် မုံရွာတက္ကသိုလ်(နေ့သင်တန်း)နှင့် မုံရွာတက္ကသိုလ်(အဝေးသင်သင်တန်း)တို့တွင် ဘွဲ့ရရှိသူများကို ဘွဲ့အပ်နှင်းခြင်းဖြစ်ပါကြောင်း၊ ယနေ့မြန်မာ့ပညာရေးမျှော်မှန်းချက်နှင့်အတူ အမျိုးသားပညာရည်မြင့်မားရေးနှစ်(၃၀)စီမံကိန်း ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင်  ဘွဲ့ရမောင်မယ်များမှ  အားလုံးပူးပေါင်းပါဝင်ကြရန်နှင့် နိုင်ငံတော်က ချမှတ်ထားတဲ့ဥပဒေ၊ စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များကို လေးစားလိုက်နာတဲ့ နိုင်ငံ့သားကောင်းများအဖြစ် နေထိုင်သွားကြရန်  ပြောကြားခဲ့သည်။

ဆက်လက်ပြီး မုံရွာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ‌သန်းသန်းဝင်းက ဘွဲ့များကို ပေးအပ်ချီးမြှင့်ရာ ယမန်နေ့တွင် မုံရွာတက္ကသိုလ်နေ့သင်တန်း၌ ဘွဲ့ရရှိသူ (၄၀၃)ဦးရှိပြီး ‌မဟာသိပ္ပံဘွဲ့နှင့် မဟာဝိဇ္ဇာဘွဲ့ရရှိသူ (၇၆)ဦး၊  မဟာဥပ‌ဒေဘွဲ့ ()ဦး၊ ဝိဇ္ဇာ/သိပ္ပံ(ဂုဏ်ထူး)ဘွဲ့ (၃၈)ဦး၊  ဝိဇ္ဇာ/သိပ္ပံဘွဲ့ (၂၇၅)ဦး စုစုပေါင်း (၃၉၃)ဦးတို့အား တက်ရောက်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ဒီဇင်ဘာ(၃၀)ရက်‌နေ့တွင်   မုံရွာတက္ကသိုလ် အဝေးသင်သင်တန်း ဥပဒေဘွဲ့(၃၂)ဦး၊ ဝိဇ္ဇာ/သိပ္ပံဘွဲ့ (၁၁၅၅)ဦး၊ စုစုပေါင်း(၁၁၈၇)ဦးတို့အား ဘွဲ့များအသီးသီး လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)