ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရွှေဘို ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၌ လူသုံးကုန်နည်းပညာထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ်(၂/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ကြွယ်ကြွယ်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားရာ "ယခုလိုသင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် ကိုယ်တိုင်တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ဆောင်နိုင်စေရန်နှင့် မိသားစုအတွက် နေ့စဉ်သန့်ရှင်းရေးမှာ မရှိမဖြစ်လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေကို ဘေးဥပါဒ်ကင်းကင်းနှင့် နည်းလမ်းမှန်သိရှိပြီး ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်စေရန် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် အားကြိုးမာန်တက် စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများနှင့် ဆရာသားမချန်သင်ကြားပေးသည့်အတွက် နည်းပြဆရာများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း" ပြောကြားခဲ့သည်။         ဆက်လက်ပြီး ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးထက်မောင်က သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းထွက်ကုန်များကို တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသူတစ်ဦက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ‌ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌန၌ (၃)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြောင်း၊ သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်လိုသူများကို ရွှေဘိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေဘို(ခရိုင်ပြန်/ဆက်)