ရွှေဘိုမြို့၌ ဖိနပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

​ရွှေဘို ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုမြို့၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဖိနပ်ချုပ်  သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် ရွှေဘိုခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်အေးမြမွန်က အဖွင့်အမှာစကားပြောကြားရာ "ဖိနပ်ချုပ်သင်တန်းသည် လူငယ်များနှင့်လက်မှုဝါသနာရှင်များအား ဖိနပ်ဒီဇိုင်းဖန်တီးမှုပညာနှင့်အတူ ခေတ်မီဖိနပ်ချုပ်နည်းလမ်းများကို သင်ကြားပေးရန် ရည်ရွယ်ထားကြောင်း၊ ယခုသင်တန်းတွင် တစ်ဦးချင်းစီ၏အချိန်၊ အားထုတ်မှုနှင့် လေ့လာလိုစိတ်များသည် သင်တန်းအောင်မြင်မှုအတွက် အရေးပါသော အခြေခံကျသော အင်္ဂါရပ်များဖြစ်ကြောင်း၊ မိမိတို့၏ကြိုးစားမှုဖြင့် ကိုယ်ပိုင်လက်မှုပညာ ကျွမ်းကျင်မှုနှင့်အတူ လုပ်ငန်းအခွင့် အလမ်းသစ်များ ဖန်းတီးနိုင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် ယောကျ်ားစီးဖိနပ်အမျိုးမျိုး၊ မိန်းကလေးစီးဖိနပ်အမျိုးမျိုး၊ ဒေါက်ဖိနပ်အမျိုးမျိုးနှင့် ပုံဆန်းဖိနပ်အမျိုးမျိုး ချုပ်လုပ်နည်းများကို(၂)ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)