မင်းဘူးမြို့၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စတင်ကျင်းပ

မင်းဘူး ဒီဇင်ဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အားကစားကို ခုံခုံမင်မင်ဖြင့် လေ့လာလိုက်စားကာကစားလာကြစေရန်နှင့် လွတ်လပ်ရေးနေ့ကို အမှတ်ရစေပြီး တန်ဖိုးထားတတ်‌စေရန်ရည်ရွယ်၍ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျင်းပလျက်ရှိကြောင်း သိရသည်။

 (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် ဘော်လီဘောပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ မီတာ ၁၀၀၊ မီတာ ၂၀၀၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများအပါအဝင် အားကစားပြိုင်ပွဲ(၁၂)မျိုး ထည့်သွင်းကျင်းပသွားမှာဖြစ်ကြောင်း မြို့နယ်အားကစားမှူး ‌ဒေါ်နှင်းက ပြောသည်။

အဆိုပါ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၃၁ ရက်မှ ဇန်နဝါရီ ၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ဆုရရှိသည့်အသင်းများနှင့် အားကစားသမားများအား လွတ်လပ်ရေးနေ့အခမ်းအနား၌ ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

‌ဇေယျာနိုင်(ရွှေကန်မြေ)