ရွှေဘို ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားရာ ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်လမ်းများရရှိလာခြင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြဆရာမများက မုန့်အမျိုးမျိုးပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့ (၂)ရက်ကြာ သင်ကြားမည်ဖြစ်ပြီး သင်တန်းတက်ရောက်သူ (၂၀)ဦးရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)