မုံရွာတက္ကသိုလ်၌ အခြေခံပညာအထက်တန်းဆင့် (Grade 12) ဆရာ/ ဆရာမများ အရည်အသွေး မြင့်မားရေးစွမ်းရည်မြှင့်ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
မုံရွာတက္ကသိုလ်နှင့်စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ပူးပေါင်းပြီး မုံရွာတက္ကသိုလ်မှ ဦးဆောင်ကာ မုံရွာမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာ၊ ဆရာမများအတွက် သင်ကြားမှု၊ သင်ယူမှု ပိုမိုထိရောက်စေရန် ရည်ရွယ်ပြီး အခြေခံပညာ အထက်တန်းဆင့် (Grade-12) ဆရာ/ ဆရာမများ အရည်အသွေးမြင့်မားရေးစွမ်းရည်မြှင့် ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။