စစ်ကိုင်း ဇန်နဝါရီ ၁၀
စစ်ကိုင်းခရိုင်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ASEAN+3 အရေးပေါ်ဆန် အရန်ရိက္ခာ(APTERR)အစီအစဉ်ဖြင့် လှူဒါန်းသော အရန်ဆန်အိတ်(၁၁၆၁)အိတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က APTERR အစီအစဉ်ကို အရေးပေါ်သတ်မှတ်ချက်အဆင့်(၃)ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်(၁)အနေဖြင့် သက်မှတ်ထားသည့်ဆန်များအား စီးပွားရေးနည်းလမ်းဖြင့်ဖြန့်ဝေခြင်း၊ အဆင့်(၂)အနေဖြင့် သတ်မှတ်ထားသည့်ဆန်များအား ကာလရှည်ချေးငွေအကူအညီဖြင့်ဖြန့်ဝေခြင်း၊ အဆင့်(၃)အနေဖြင့် သိုလှောင်ဆန်များအား အကူအညီဖြင့် ဖြန့်ဝေခြင်းတို့ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ASEAN+3 အရေးပေါ်ဆန် အရန်ရိက္ခာ(APTERR)အစီအစဉ်ဖြင့် လှူဒါန်းရရှိသော အရန်ဆန်များအား အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ဌာနဆိုင်ရာဝန်ထမ်းများအား စနစ်တကျ ထုတ်ပေးရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းထွန်းက အရေးပေါ်ဆန် အရန်ရိက္ခာများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်ထံ အရန်ဆန်ရိက္ခာများအား လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက စစ်ကိုင်းမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ဌာနဆိုင်ရာဝန်ထမ်း(၃၃၀၈)ဦးအတွက် ဆန်အိတ်ပေါင်း (၁၁၆၁)အိတ်အား ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)