ရွှေဘိုမြို့၌ ခရိုင်အဆင့် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲကျင်းပ

ရွှေဘို ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ထက်မြက်ပြီး ကျန်းမာကြံ့ခိုင်ကာ အကျင့်စာရိတ္တကောင်းမွန်၍ အထွေထွေ ဗဟုသုတများနှင့် ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန် ရည်ရွယ်၍ ခရိုင်အဆင့် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲကို ဇန်နဝါရီလ ၈ ရက်မှစတင်၍ ရွှေဘိုမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပဖြေဆိုခဲ့ကြောင်း သိရသည်။

လူရည်ချွန်စာမေးပွဲကို မြန်မာစာနှင့်အင်္ဂလိပ်စာ၊ သင်္ချာဘာသာနှင့် အထွေထွေဗဟုသုတရေးဖြေနှင့် နှုတ်ဖြေများကိုဖြေဆိုပြီး ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေးခြင်းကို အထက(၂) အားကစား ကွင်း၌ ဆက်လက်စစ်ဆေးမည်ဖြစ်ပြီး ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲတွင် ကျောင်းသား /သူများ ဝင်ရောက်ဖြေဆိုကြောင်းသိရသည်။

အဆိုပါ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို လူရည်ချွန်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များက ကြီးကြပ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)