ရွှေဘို ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက အဖွင့်အမှာစကားပြောကြားရာ "ပညာရေးသည် ကျောင်းသား/သူများ၏ အနာဂတ်အား ဖော်ဆောင်ပေးသည့် အရေးပါသော အခမ်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် တက္ကသိုလ်ဝင်စာမေး ပွဲတွင် အောင်မြင်မှုရရှိရန် လမ်းညွှန်မှုအသစ်များ၊ အကောင်းဆုံးအကြံပြုချက်များနှင့် အတွေ့အကြုံများကို သတိထား၍ လေ့လာရန်လိုကြောင်း" ပြောကြားခဲ့သည်။ ဆက်လက်ပြီး ရွှေဘိုတက္ကသိုလ် ပါမောက္ခဆရာမကြီး(၂)ဦးက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ စစ်ဆေးခဲ့မှုအရ ဖြေဆိုမည့်သူများ လိုက်နာသင့်သည့် အားနည်းချက်၊ အားသာချက်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ရွှေဘိုခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ချက်မြင့်မားရေး ဆောင်ရွက်ခဲ့မှု များအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် စေတနာရှင် အလှူရှင်များက အလှူငွေ ကျပ်(၁၉၅၀၀၀၀၀/-) ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)