ကလေးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အ.လ.က(၂)ကျောင်းတွင် အသိပညာပေး ဟောပြောပွဲကျင်းပ

ကလေး ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အ.လ.က(၂)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက အမျိုးသမီးနှင့် ပတ်ဝန်းကျင်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အ.လ.က(၂)ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟေမာဆွေက အမျိုးသမီးနှင့် ပတ်ဝန်းကျင်ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ ကလေးမြို့အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများမှ အသိပညာဗဟုသုတများရရှိစေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)