ရွှေဘိုမြို့၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဘက်ဌာနများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရွှေဘိုမြို့နယ် စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက စည်ပင်သာယာရုံးခန်းမတွင် ဈေးသူ/ဈေးသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။