စစ်ကိုင်းတိုင်းဒေသကြီး

ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်များအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် (၇)နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံ/အဆင့်မြှင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၇/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ/အဆင့်မြှင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၇/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

မော်လိုက်မြို့၌ မီးဘေးအန္တရာယ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီလ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးရဲမင်းဇော်တို့က လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ဖောင်းပြင်မြို့၌ မြန်ဆန်ထိရောက်စွာ မီးငြိမ်းသတ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မီးလောင်မှုဖြစ်ပွားပါက ထိရောက်မြန်ဆန်စွာ မီးငြိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျွန်းရွှေဝါရပ်ကွက်၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်သည်။

ဟုမ္မလင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေနှင့်စပ်လျဥ်း၍ အသိပညာပေး ဟောပြောပွဲကျင်းပ

ဟုမ္မလင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပေဒေနှင့်စပ်လျဥ်း၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် (၁၂)နာရီအချိန်က ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့နယ်၌ အခြေခံပညာကျောင်းများတွင် အတန်းတင်စာမေးပွဲ စတင်‌ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှစ၍ အတန်းတင်စာမေးပွဲကို အခြေခံပညာကျောင်းပေါင်း (၉၁)ကျောင်း ဖြေဆိုလျက်ရှိရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းများက အတန်းတင်စာမေးပွဲကိုလည်းကောင်း၊ Grade12 များက အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်မှုစာမေးပွဲကိုလည်းကောင်း စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရွှေဘိုမြို့စည်ပင်သာစျေးအတွင်း၌ အရောင်တင်မှုန့်၊ နနွင်းမှုန့်ရောင်ချသည့်ဆိုင်များအား အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်​နေ့နံနက်ပိုင်းက ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ရွှေဘိုမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ အရောင်တင်ခင်မောင်အေးဆိုင်အားအဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့​ကြောင်း သိရသည်။

ရွှေဘိုမြို့၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုမြို့၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဘက်ဌာနများဖြစ်သည့် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရွှေဘိုမြို့နယ် စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်း၍ ယမန်​နေ့နံနက်ပိုင်းက စည်ပင်သာယာရုံးခန်းမတွင် ဈေးသူ/ဈေးသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ (၃)ရက်နေ့မြောက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ (၃)ရက်နေ့မြောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့တော်ခန်းမ၌ ဆက်လက်ပြုလုပ်ခဲ့သည်။

ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာ​ကျောင်းများ၌၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲ KG အတန်းမှ Grade- 12 အတန်းအထိ (Grade-5 နှင့်Grade-9)မပါ စစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့နံနက် ၉ နာရီအချိန်မှစ၍ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အတွင်း (တနင်္ဂနွေနေ့)မပါစစ်​ဆေးမည်ဖြစ်ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး