ကသာ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ ယမန်နေ့နံနက်(၉)နာရီအချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ စာစစ်ဌာနများအလိုက် နှစ်ဆုံးစာမေးပွဲဖြေဆိုခွင့်ရှိသူ(၁၃၁၅၈)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ(၁၃၁၀၇)ဦးဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား/ကျောင်းသူ (၅၁)ဦးရှိကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၉ ဒသမ ၆၁)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အခြေခံပညာကျောင်းများအတွက် နှစ်ဆုံးစာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)