ရွှေဘိုမြို့၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

​ရွှေဘို ​ဖေ​ဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုမြို့၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဘက်ဌာနများဖြစ်သည့် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရွှေဘိုမြို့နယ် စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်း၍ ယမန်​နေ့နံနက်ပိုင်းက စည်ပင်သာယာရုံးခန်းမတွင် ဈေးသူ/ဈေးသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က စားသုံသူ၏အခွင့်အရေးနှင့် တာဝန်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွား နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့် သက်ဆိုင်သော အကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် (Consumer Call Center 1535) အကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှလည်း အသီးသီးအသိပညာပေးဆွေးနွေးခဲ့ကာ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)