ကျွန်းလှ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ ကျောင်းတွင်းနှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံနက် (၉) နာရီက သက်ဆိုင်ရာ အခြေခံပညာကျောင်းများ၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၂၂) ကျောင်းတို့မှ မူလတန်း (၂၉၅၉) ဦး၊ အလယ်တန်း (၈၃၆) ဦး၊ အထက်တန်း (၇၈၈) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၅၈၃) ဦး ဖြေဆိုကြကြောင်း၊ ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၇ ရက်နေ့ထိ စာမေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကျောင်းတွင်း နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်တာတန်ရှိသူများ၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)