ရွှေဘို ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး တန်ဖိုးမြှင့်စားသောက်ကုန်(သီးနှံအခြေခံယိုနှင့်ဖျော်ရည်အမျိုးမျိုး)ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကြီးအောင်ဓမ္မာရုံ၌ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နေ့လယ်(၃း၀၀)နာရီအချိန်တွင် ကျင်းပခဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထက်မောင်က သင်တန်းဆင်းအမှာစကားပြောကြားရာ “သင်တန်းမှ သင်ကြားပို့ချပေးလိုက်သည့် အသိပညာ၊ အတတ်ပညာကို လက်တွေ့နယ်ပယ်၌ ပြန်လည်အသုံးချပြီး မိသားစုအပိုဝင်ငွေ ရရှိစေရေး၊ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေးလုပ်ငန်းရှင်များအဖြစ် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရေးတို့အတွက် ကြိုးစားကြစေလိုကြောင်း” ပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းထုတ်ကုန်များကို ပေးအပ်ခဲ့ပြီးနောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို (၇)ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား/သူ စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်လိုသူများကို ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)