ရွှေဘို ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲ KG အတန်းမှ Grade- 12 အတန်းအထိ (Grade-5 နှင့်Grade-9)မပါ စစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့နံနက် ၉ နာရီအချိန်မှစ၍ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အတွင်း စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းဆင့် သင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ စာစစ်ဌာနများအလိုက် နှစ်ဆုံး စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၈၁၈၇)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အခြေခံပညာကျောင်းများတွင် နှစ်ဆုံးစာမေးပွဲ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)