ကသာ ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ (၃)ရက်နေ့မြောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့တော်ခန်းမ၌ ဆက်လက်ပြုလုပ်ခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် လူဦးရေ (၄၆၆)ဦးအတွက် ငွေကျပ် (၉,၃၂၀,၀၀၀)ကို ပေးအပ်ခဲ့ကြောင်း၊ ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူစုစုပေါင်း (၃၁၀၀)ဦးကျော်ရှိပြီး ယနေ့တွင် (၄၆၆)ဦးအတွက် ပေးအပ်ခြင်းဖြစ်ကာ ကျန်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆက်လက်ပေးအပ်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
ရဲလင်းထွန်း(ကသာ)