ပဲခူးတိုင်းဒေသကြီး

အုတ်တွင်းမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများ မြေပြင်အမှန်ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း​ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအား ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ​မဲဆန္ဒရှင်အမည်စာရင်းများ မြေပြင်အမှန်ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း​ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

အုတ်တွင်းမြို့နယ် လက်ပံခုံကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းမြေနှင့်ကျောက်ရောမြေ ခင်းခြင်းလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် ပေါက်တောကျေးရွာအုပ်စု လက်ပံခုံကျေးရွာ၌ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းမြေနှင့်ကျောက်ရောမြေခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို နိုဝင်ဘာ ၂၇ ရက်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးသည်။

ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား ၅ ဦး လွတ်ငြိမ်းသက်သာခွင့်ပြု

ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ ပေါင်းတည်အချုပ်ထောင်၊ ဧည့်ရိပ်သာ၌ နိုဝင်ဘာ ၂၇ ရက် နံနက် ၆ နာရီအချိန်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်(၁၂/၂၀၂၅)ဖြင့် ထုတ်ပြန်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား ၅ ဦးအား  ရာဇဝတ်ကျင့်ထုံး ဥပ‌ဒပုဒ်မ- ၄၀၁၊ ပုဒ်မခွဲ (၁)အရ ပြစ်ဒဏ်များအ‌ပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့ရှောင်လမ်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့ ဆက်သွယ်ထားသည့် လမ်းဖွင့်ပွဲကျင်းပ

ပဲခူးမြို့၌ ပဲခူးမြို့ရှောင်လမ်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့ ဆက်သွယ်ထားသည့် လမ်းဖွင့်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၂၈)ရက် နံနက်ပိုင်းကကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်သည်။

ပြည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဆုံစည်းရာ Book Club အဖွဲ့ စာဖတ်ဝိုင်း ကျင်းပ

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆုံစည်းရာ Book Club အဖွဲ့တို့ လစဉ် ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

ရွှေတောင်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူများ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ယမန်နေ့မှစ၍ ဆောင်ရွက်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အလကမယားမာန်ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများအား Ai နည်းပညာ လက်တွေ့အသုံးပြုနည်းများ ကွင်းဆင်းသင်ကြားပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်သစ်ကျေးရွာ၊ ကင်မွန်းခြုံကျေးရွာနှင့် ဝတ်တိုးကျေးရွာတို့၌ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများအား Aiနည်းပညာ လက်တွေ့အသုံးပြုနည်းများ ကွင်းဆင်းသင်ကြားပေးခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ  ထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများသည် ယမန်နေ့ကဖြစ်ပွားခဲ့သော  မီးလောင်မှုဖြစ်စဉ်ကြောင့် မီးဘေးသင့်ခဲ့သော ပြည်သူများကို သာယာဝတီမြို့နယ်၊ အနောက်ရိုးကြီးရပ်ကွက်၊ ကျွန်ကလေးတန်းလမ်းတွင် ယမန်နေ့နံနက် ၁၁ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများ  ကြိုတင်ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ယာယီနေရပ်စွန့်ခွာပြည်သူများသည် နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက်၉ နာရီအချိန်မှ စတင်ကာ စည်ပင်သာယာခန်းမတွင်  ကြိုတင်ဆန္ဒမဲပေးကြကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး