သနပ်ပင်မြို့နယ်၌ မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

သနပ်ပင် ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ဇီဇဝါခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(သနပ်ပင်)မှ ကျောင်းသား၊ ကျောင်းသူလေးများက "ကြိုဆိုပါသည်စုံညီပွဲတော်"ဖြင့် ကပြဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးစော‌ဝင်းဌေးမှ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ စာပေထူးချွန်ဆုရရှိသူများအားလည်းကာင်း၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့် ဘက်စုံထူးချွန်ဆုရရှိသူများအားလည်းကောင်း၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအားလည်းကောင်း၊ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကာ အခြေခံပညာကျောင်းများမှ သီချင်း၊ အကများဖြင့် ဖျော်ဖြေကာ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)