ပေါင်းတည်မြို့နယ်သို့ မဲပေးစက်များရောက်ရှိ

ပေါင်းတည် ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များ ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းက ပေါင်းတည်မြို့နယ်သို့ ရောက်ရှိ‌လာကြပြီဖြစ်ကြောင်းသိရသည်။

အဆိုပါမဲပေးစက်များကို မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ စိစစ်စစ်ဆေးလက်ခံရယူခဲ့ကြကြောင်း၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုမဲရုံများတွင် အသုံးပြုရန် သက်ဆိုင်ရာကော်ရှင်အဖွဲ့များနှင့် မဲရုံအသီးသီးရှိ တာဝန်ရှိသူများထံ စနစ်တကျ ဆက်လက်လွှဲ‌ပြောင်းထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေသား(IPRD)