မိုးညို ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာ ဆက်လက်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများ စက်ကိုင်မွမ်းမံသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးက အမှာစကားပြောကြားပြီး သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးခိုင်က ရွေးကောက်ပွဲဆိုင်ရာများနှင့် လုံခြုံရေးဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဖေအောင်သူက အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ပထမအကြိမ်မဲပေးမှုမှ အာသာချက်၊ အားနဲချက်များအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရန်နှင့် ရွေးကောက်ပွဲဆိုင်ရာများကို မဲရုံမှူး၊ ဒုမဲရုံမှူးများအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက MEVM မဲပေးစက်နှင့်ပတ်သက်၍ ရှင်းလင်းပြသပြီး မဲရုံမှူး၊ ဒုမဲရုံမှူးများက မဲပေးစက်များကို ထပ်မံလေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)