မိုးညို ဇန်နဝါရီ ၇
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) အား ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင်များမှ ကြိုတင်မဲပေးထားသည့် မဲပုံးများအား နံပါတ်ပါလုံခြုံရေးကြိုးများဖြင့် လေးဘက်ချည်နှောင်ထားပြီး မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုံခြုံစွာသိမ်းစည်းထားခြင်းကို ဇန်နဝါရီလ ၆ ရက်နေ့က တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါကြိုတင်မဲပုံးများ ကြည့်ရှုစစ်ဆေးခြင်းကို သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဖေအောင်သူနှင့် အဖွဲ့ဝင်များ၊ မိုးညိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မိုးညိုမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီအသီးသီးမှ တာဝန်ရှိသူများက ကြိုတင်မဲပုံးများအား လုံခြုံရေးကြိုး စနစ်တကျချည်နှောင်ထားရှိမှုနှင့် သိမ်းဆည်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)