သဲကုန်းမြို့နယ်တွင် အခြေခံပညာဆရာ/ဆရာမများအတွက် သာတူညီမျှမှုကိုအခြေခံသောဆရာအတတ်ပညာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းကောင်းဆိုင်ရာအရည်သွေးမြှင့်(မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အခြေခံပညာဆရာ/ ဆရာမများအတွက် သာတူညီမျှမှုကိုအခြေခံသောဆရာအတတ်ပညာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းကောင်းဆိုင်ရာအရည်သွေးမြှင့်(မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။