သနပ်ပင် ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မြင့်လွင်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မြင့်လွင်၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တာဝန်ရှိသူများနှင့်အတူ အ.လ.က(ခွဲ)ဈေးပိုင်း မဲရုံ၊ အ.လ.ကခွဲ ဘုရားကြီးပိုင်းမဲရုံ၊ စက်ကုန်းပိုင်းရပ်ကွက် အ.ထ.က တောင်ဘက်ကမ်းမဲရုံ၊ ဘူတာပိုင်းရပ်ကွက်နှင့် ဘုရားကြီးပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ကြိုတင်မဲပုံးများ လုံခြုံရေးကြိုးများ တပ်ဆင်ထားရှိမှုနှင့် မဲပေးစက်များ၊ INSTALLATION နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သိရသည်။
မြို့နယ်(ပြန်/ဆက်)