ရေတာရှည်မြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံရေးစစ်ဆေး

ရေတာရှည် ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဇန်နဝါရီလ (၁၁)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် မဲရုံများသို့ မီးဘေးအန္တရာယ်ကင်းရှင်းစေရန် လုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်​ခြင်းများကို ယမန်နေ့ နံနက် (၈)နာရီက လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရေတာရှည်မြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များက မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် ပိတောက်ခင်ကျေးရွာ မဲရုံ၊ သဲ ကောကျေးရွာ မဲရုံ၊ ချောင်းခွကျေးရွာ မဲရုံ၊ တောင်နီကုန်းကျေးရွာ မဲရုံနှင့် ခင်တန်းကြီးကျေးရွာ မဲရုံ များသို့ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးဘေးလုံခြုံရေးပစ္စည်းများ ကောင်းမွန်မှု ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး အရေးပေါ်မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက စနစ်တကျ မီးငြိမ်းသတ်ရမည့် နည်းလမ်းများအား အသိပညာပေးပြောကြား၍ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)