သနပ်ပင်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား အခမဲ့ကွင်းဆင်းဆောင်ရွက်

သနပ်ပင် ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့က ဦးဆောင်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မြို့နယ်အတွင်းရှိ ပြည်သူများမဲပေးပိုင်ခွင့် မဆုံးရူံးစေရေးအတွက် မြေပြင်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းမရှိသူများနှင့် (ပျက်စီး၊ ပျောက်ဆုံး၊ လဲလှယ်)တို့အား ယမန်နေ့နံနက် ၉ နာရီအချိန်က စက်ကုန်းပိုင်းရပ်ကွက်၊ အနော်မာရုံဘုန်းကြီးကျောင်း၌  One stop service ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆောင်ရွက်ပေးနေမှုအား သနပ်ပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ဌေးနှင့် မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကော်မတီအဖွဲ့ဝင်များက လာရောက်ကြည့်ရူအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)