မိုးညို ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရန်အတွက်မိုးညိုမြို့နယ်အတွင်းရှိ မဲပေးခွင့်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်စီး၊ မထင်ရှားဖြစ်နေသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန OSS ခန်းမ၌ ယမန်နေ့တွင် One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဆောင်ရွက်ပေးရာသို့ သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့်အဖွဲ့ဝင်များ၊ သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဖေအောင်သူနှင့်အဖွဲ့ဝင်များ၊ သာယာဝတီလဝကခရိုင်ဦးစီးမှူး ဦးဝင်းမြတ်ထွဋ်နှင့် မိုးညိုမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။
ကိုမင်း(ပြန်/ဆက်)