ပဲခူးတိုင်းဒေသကြီး

ရေတာရှည်မြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ နန်ချွန် (တောင်) ကျေးရွာဆည်မြောင်းရုံးရှိ အလုပ်ရုံများ၊ ဂိုဒေါင်များနှင့် ဝန်ထမ်းအိမ်ရာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က အဆိုပါဌာန၏ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

 ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ (၁)နာရီက ဂန့်ဂေါ်ဝိုင်းရပ်ကွက် အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်အတွင်းရှိ လူနာများအား အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ကွင်းဆင်းဆေးကုသ

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် မြို့နယ်အတွင်းရှိ အထွေထွေရောဂါဝေဒနာရှင်များအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉ နာရီအချိန်က လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ဆောင်ရွက်ပေးခဲ့သည်။

ဖြူးမြို့နယ်​ဒေသ အတွင်းအိမ်အသုံးအဆောင် ဝါးထရံယက်လုပ်သည့် လုပ်ငန်းများမှာ စျေးကွက်ဝင် တွင်ကျယ်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အိမ်အသုံးအဆောင် ဝါးထရံယက်လုပ် ရောင်းချပေးသည့်လုပ်ငန်းမှာ စျေးကွက်ဝင် တွင်ကျယ်စွာရောင်းချနေလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာဝင်းဗိုလ်ဦးဆောင်၍ အုတ်တွင်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ အခြေခံပညာကျောင်း ၉၁ ကျောင်းရှိ KG တန်း ၁၂၉၄ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေး

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၉၁ ကျောင်းတွင် ပညာသင်ယူလျက်ရှိသော KG ကျောင်းသား၊ ကျောင်းသူ ၁၂၉၄ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

လက်ပံတန်းမြို့ မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက လက်ပံတန်းမြို့  မြို့မဈေးရှိ ဈေးဆိုင်ခန်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာနက မြို့မအခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပသည်။

တောင်ငူမြို့၊ ကသဲစုအခြေခံပညာအလယ်တန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးငယ်များအသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ ကသဲစုအခြေခံပညာအလယ်တန်းကျောင်းခွဲသို့ Mobile Library သုံးဘီးယာဥ်ဖြင့် ကွင်းဆင်းဆောင်ရွက်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး