နတ်တလင်း ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာနက မြို့မအခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပသည်။
ဦးစွာ နတ်တလင်းမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်လွင်စန်းက သစ်တောထွက်သယံဇာတပစ္စည်းများအားထိန်းသိမ်းရန်၊ သစ်တော၊ သစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းစောင့်ရှောက်ရေး၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ တောင်ယာခုတ်ထွင်မီးရှို့မှုများ မပြုလုပ်ရေးအကြောင်းအရာများ၊ ရေသယံဇာတထိန်းသိမ်းရေးအကြောင်းအရာများ၊ ရေချွေတာသုံးစွဲရေးအကြောင်းအရာများကို အသိပညာပေးဟောပြောပြီး တောအုပ်ကြီးဦးမျိုးသက်ခိုင်က မီးခိုးမြူငွေ့ဖြစ်ပေါ်လာပုံ၊ လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသောအကြောင်းအရာများ ပျက်စီးဆုံးရှုံးမှုကိုကာကွယ်ရန် နည်းလမ်းများအကြောင်း ဟောပြောခဲ့ကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့မအခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၉၀)ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)