ရေတာရှည်မြို့နယ်အတွင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီအချိန်က ရေတာရှည်မြို့နယ်အတွင်းရှိ Rain KTV နှင့် အမေ့ရင်ခွင် KTV တို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြုမှုများကို ပြုလုပ်ခဲ့သည်။