ပဲခူးတိုင်းဒေသကြီး

သဲကုန်းမြို့တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရာသီဥတုပြောင်းလဲမှုအကျိုးအဆက်များ၊ သဘာဝဘေးအန္တရာယ်များ၊ မီးခိုး/မြူငွေ့အန္တရာယ်များစသည်တို့ကို သိရှိနားလည်စေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်​နိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မီးခိုးမြူငွေ့လျှော့ချရေး၊ လေထုညစ်ညမ်းမှု‌လျှော့ချ‌ရေးနှင့် သစ်တောသစ်ပင်များမှရရှိနိုင်သော အကျိုး‌ကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ယနေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)ရှိ သာဓုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ပျူတာတက္ကသိုလ် (ပြည်) ၌ ၁၄ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ပြည်) ၏ (၁၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ဆရာ၊ ဆရာမများ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

တောင်ငူမြို့၊ အ.ထ.က (၆) သို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးငယ်များ အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ အ.ထ.က(၆)သို့ Mobile Library သုံးဘီးယာဥ်ဖြင့် ကွင်းဆင်းဆောင်ရွက်သည်။

လက်ပံတန်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့မဈေးဝန်းအတွင်း၌ ပြုလုပ်ခဲ့သည်။

ပေါင်းတည်မြို့နယ်၌ ဒုတိယအကြိမ် ကျောင်းတွင်း အာဟာရကျွေးမွေး

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၉၁ ကျောင်းတွင် ပညာသင်ယူလျက်ရှိသော KG ကျောင်းသား၊ ကျောင်းသူ ၁၂၉၄ ဦးအား ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ်မြောက် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

ပြည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများအတွက် သွင်းအားစုများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများအတွက် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့ရွှေတံခါးရပ်ကွက်၊ တာဂွလမ်းဆုံအနီးရှိ (သမာဓိ)မျိုးစေ့နှင့် စိုက်ပျိုးရေးသုံးဆေးပစ္စည်းအရောင်းဆိုင်၌ ကျင်းပသည်။

သာယာဝတီမြို့တွင် ကွန်ကရစ်ပစ္စည်းများ ရောင်းအားကောင်းနေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်နှင့် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ကွန်ကရစ်ပစ္စည်းများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

ဖြူးမြို့နယ်မြို့စည်ပင်သာယာဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ခြောက်သွေ့သည့်ကာလရောက်လာသည်နှင့်အမျှ မီးလောင်မှုများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက်ရည်ရွယ်ကာ ဈေးသူ၊ ဈေးသားများ မီးဘေးကြိုတင်ကာကွယ်နိုင်ကြစေရန်၊ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့မီးငြှိမ်းသတ်နိုင်ကြစေရန်အတွက်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဖြူးမြို့နယ်စည်ပင်သာယာဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျွဲတဲရပ်ကွက် အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် နွေစပါး ၇၉၇၃ ဧက စိုက်ပျိုးရန်လျာထား

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် တောင်ညိုဆည်နှင့် ဘော်ဘင်ဆည်တို့မှ ပို့လွှတ်သောဆည်ရေဖြင့် နွေစပါးစိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ဧက (၇၉၇၃) လျာထားဆောင်ရွက်လျက်ရှိရာ (၂၅၃၄) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး