ကွန်ပျူတာတက္ကသိုလ် (ပြည်) ၌ ၁၄ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ပြည် ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ပြည်) ၏ (၁၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ဆရာ၊ ဆရာမများ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ရှေးဦးစွာ အဆိုပါ တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာယုဇနနှင့် သဟာယအဖွဲ့ဝင်များ သတ်မှတ်နေရာယူကြကာ ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် စတင်ကျင်းပကြောင်းကြေညာပြီး ဘာသာရပ်အလိုက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော ယင်းတက္ကသိုလ်၏ (၂၀၂၂-၂၀၂၃) ပညာသင်နှစ်နှင့် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်မှ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအား ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ကွန်ပျူတာတက္ကသိုလ် (ပြည်) ၏ (၁၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် (D.C.Sc.) ဘွဲ့ရရှိသူများ၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် Bachelor of Computer Science (B.C.Sc.) ဘွဲ့၊ Bachelor of Computer Technology (B.C.Tech) ဘွဲ့နှင့် (D.C.Sc.) ဘွဲ့ရကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅၅ ဦးကို ပါမောက္ခချုပ်က ဘွဲ့လက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)