ပေါင်းတည်မြို့နယ်၌ ဒုတိယအကြိမ် ကျောင်းတွင်း အာဟာရကျွေးမွေး

 ပေါင်းတည် ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၉၁ ကျောင်းတွင် ပညာသင်ယူလျက်ရှိသော KG ကျောင်းသား၊ ကျောင်းသူ ၁၂၉၄ ဦးအား ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ်မြောက် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဒုတိယအကြိမ်မြောက် ကျောင်းတွင်းအာဟာရကျွေးမွေးနေမှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်၊ ကျောင်းကျန်းမာရေးတာဝန်ခံကျန်းမာရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ခိုင်မာလွင်နှင့် အသင်းအဖွဲ့ဝင်များက အ-ထ-က(မြို့မ)ရှိ KG ကျောင်းသားများအား အာဟာရကျွေးမွေးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ အခြေခံပညာကျောင်းများတွင် အာဟာရအစားအစာ ချက်ပြုတ်ကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းသားကျောင်းသူများ၏ မိဘများက ပါဝင်ကူညီလုပ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပြန်ဆက်)