ပဲခူးတိုင်းဒေသကြီး

ရွှေကျင်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီက ကျွဲတဲရပ်ကွက် အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်ငူမြို့၌ ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးမှ ပြည်သူများစာဖတ်သည့်အလေ့အထများရှိလာစေရန်၊ စာပေကို လက်လှမ်းမီစွာဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ်စက်မှုလယ်ယာဦးစီးဌာနသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ် သီတဂူဗြဟမဝိဟာရီကျောင်း၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ လူတိုင်းသက်ရှည်ကျန်းမာစေရန်ရည်ရွယ်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ရေတာရှည်မြို့(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ဒေါ်ခင်စန်းလှိုင်၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးငြိမ်းစံနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ခင်မျိုးဆွေတို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က သီတဂူဗြဟမဝိဟာရီ (ပရဟိတအသက်မွေးဝမ်းကျောင်း)သို့သွားရောက်၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။

ပေါင်းတည်၌ စားဖိုဆောင်ဟင်းသီးဟင်းရွက် ပဲစောင်းလျားစိုက်ပျိုးမှု အကျိုးဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဆောင်းရာသီ ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးမှု ၁၂၀၉၇ ဧကရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရပြီး ယခုအခါ စားဖိုဆောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည့် ပဲစောင်းလျားသီးများကို ခူးဆွတ်ရောင်းချကာ အကျိုးအမြတ်ရရှိနေကြ၍ တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပြည်-ရန်ကုန်ကားလမ်းပေါ်၌ ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွား

ပြည်မြို့နဝဒေးနယ်မြေရှိ မိုင်တိုင်အမှတ်(၁၇၇/၁) ပြည်-ရန်ကုန်ကားလမ်းပေါ်၌ ယမန်နေ့မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်ခန့်က (ရန်ကုန်-ပြည်-ပေါက်ခေါင်း)ပြေးဆွဲသည့် ဘုန်းမြတ်ပိုင်ခရီးသည်တင် မှန်လုံယာဥ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေး ဟောပြော

သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် အ.လ.က (သာယာဝတီ) ၌ ကျင်းပသည်။

သာယာဝတီမြို့၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ ယခုအခါပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုကြောင့် လူထုနှင့်ဌာနဆိုင်ရာများ၏ အဆောက်အဦ၊ ပစ္စည်းများ မီးလောင်ဆုံးရှုံးမှုမရှိစေရန် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော ပွဲနှင့်မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက သစ်ထုတ်လုပ်ရေးရုံးဝန်းအတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦးဦးဆောင်၍ ကြာနီကန်ရပ်ကွက်၊ အခြေခံပညာအထက်တန်း (ကြာနီကန်) တွင် ယမန်နေ့ နေ့လယ်ပိုင်းက စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြသခဲ့ကြောင်း သိရသည်။

ကျွန်းကုန်းကြီးကျေးရွာ သုတရတနာစာကြည့်တိုက်ရှိ သုတရသစာအုပ်များ စနစ်တကျစာရင်း ရေးသွင်းပြုစုနိုင်ရေး အသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျွန်းကုန်းကြီးကျေးရွာ သုတရတနာ စာကြည့်တိုက်တွင် အသုံးပြုသွားမည့် သုတရသ စာအုပ်စာစောင်များအား စနစ်တကျစာရင်းရေးသွင်းပြုစုနိုင်ရေးအတွက် စာကြည့်တိုက်မှူးနှင့် ကော်မတီဝင်များ၊ ကျေးရွာရှိ စာဖတ်ဝါသနာရှင် လူငယ်လူရွယ်များအား အသိပညာပေးဆောင်ရွက်ခြင်းကို ကျွန်းကုန်းကြီးကျေးရွာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ပံတန်း၌ ကျောင်းတွင်းအာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု ရင်သွေးငယ်များအား အာဟာရကျွေးမွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပညာရေးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းတွင်းအာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု ရင်သွေးငယ်များအား အာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အ.ထ.က (၃) မူလတန်းကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး