ပဲခူးတိုင်းဒေသကြီး

သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပါဠိပထမပြန်စာမေးပွဲစာအောင် သံဃာတော် များအား (၂၇) ကြိမ်မြောက် စာအောင်ဆု ဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊သဲကုန်းမြို့နယ်တွင်  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ကျင်းပသော  ပါဠိပထမ ပြန်စာမေးပွဲ စာအောင်သံဃာတော်များအား (၂၇) ကြိမ်မြောက် စာအောင်ဆုဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို ဇွန်လ ၈ ရက်နေ့ နံနက်(၉)နာရီအချိန်က ရပ်ကွက်(၁)၊ သာရမဥ္ဇူသာမိုးကောင်း စေတီတော်မြတ်ကြီးဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့၌ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်‌ရေးအတွက် ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီတို့ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၆ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်စာရေး ဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ ဘဲမွေးမြူရေး ဖြစ်ထွန်းအောင်မြင်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၌ ဘဲမွေးမြူရေးလုပ်ငန်း အများအပြားရှိရာ တိုင်းဒေသကြီး အနောက်ခြမ်း၊နတ်တလင်းခရိုင်ရှိ ပေါင်းတည်မြို့နယ်အတွင်း  ဘဲမွေးမြူရေးလုပ်ငန်းများသည် ဒေသတွင်း မွေးမြူကဏ္ဍထုတ်ကုန် တိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေရန် ဘဲမွေးမြူရေးခြံလုပ်ငန်းရှင်များနှင့်မြို့နယ် စိုက်ပျိုးမွေးမြူမှု ကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်းကြိုးပမ်းလျက်ရှိ​ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

ဝေါမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာ ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော (အလက်တန်း၊အငယ်တန်း၊မူလတန်း)သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ရွှေဘုန်းဖွင့်ဓမ္မရိပ်သာ၌ ကျင်းပခဲ့သည်။

ပဲခူးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၅)ဖွင့်လှစ် 

ရုံးလုပ်ငန်းဆိုင်ရာများကို သိရှိနားလည်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရုံးလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်း သင်တန်း(၁/၂၀၂၅)ကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ်စနေနေ့တိုင်း မြို့/ ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ဇွန်လ(၇)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။

ကဝမြို့နယ်တွင် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၈)နာရီက ကဝမြို့ စက်ကျောင်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။

တောင်ငူမြို့၌ ရေဘေးကယ်ဆယ်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ လေးကျွန်းကန်တော်ကြီး၌ တောင်ငူမြို့နယ်မီးသတ် ဦးစီးဌာနနှင့်မြို့ပေါ် ပရဟိတအသင်းများပူးပေါင်း၍ ရေဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တပြေးညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွည်၍ ရေဘေးကယ်ဆယ်ရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်သည်။

ပန်းတောင်းမြို့နယ်၌ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးနှင့် ပါဠိပထမပြန်စာအောင် စူဠဘွဲ့နှင်း သဘင်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ မြို့နယ်လုံးဆိုင်ရာသာသနာ့ ဗိမာန်တော်ကြီးတွင် ယနေ့နံနက်(၉)နာရီအချိန်က ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးနှင့် ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး