ဝေါ ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာ ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော (အလက်တန်း၊အငယ်တန်း၊မူလတန်း)သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ရွှေဘုန်းဖွင့်ဓမ္မရိပ်သာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ဝေါမြို့နယ်၊ ဗဟိုသံဃဝန်ဆောင်၊ ဒလနွမ်းကျောင်းဆရာတော် ဘဒ္ဒန္တသြဘာသ ထံမှ ငါးပါးသီလနှင့် အဖွင့်သြဝါဒကထ နာကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းမှ သာသနာရေးကိစ္စရပ်များအားလျှောက်ထားတင်ပြခဲ့သည်။
ထို့နောက် ၂၀၂၄ခုနှစ် ပါဠိပထမပြန်စာအောင်သံဃာတော်(၂၉)ပါးနှင့်ပထမငယ်တန်းလူပုဂ္ဂိုလ် (၁)ဦးအား စူဠဘွဲ့အောင်လက်မှတ်နှင့် စာအောင်ဆုအလှူတော်ငွေများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ (သုဓမ္မာ)ဥက္ကဋ္ဌ ဆရာတော်၊ ကင်မွန်းကန်ကျောင်း ပဓာနနာယကဆရာတော် ဥုးဇဝနထံမှ အနုမောဒနာနှင့် ရေစက်ချတရား ဟောကြားခဲ့ပြီး တက်ရောက်လာသူများက ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်ဆက်)