သဲကုန်း ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ကျင်းပသော ပါဠိပထမ ပြန်စာမေးပွဲ စာအောင်သံဃာတော်များအား (၂၇) ကြိမ်မြောက် စာအောင်ဆုဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို ဇွန်လ ၈ ရက်နေ့ နံနက်(၉)နာရီအချိန်က ရပ်ကွက်(၁)၊ သာရမဥ္ဇူသာမိုးကောင်း စေတီတော်မြတ်ကြီးဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဆင်မြီးဆွဲမြို့၊ မြို့သစ်ကျောင်း ဦးစီးပဓာနဆရာတော် ဦးသြသဓထံမှ ကြွရောက်လာသော ဧည့်ပရိတ်သတ်များက (၅) ပါးသီလ ခံယူဆောက်တည်၍ သဲကုန်းမြို့ကျောင်းကြီး ပရိပတ္တိ စာသင်တိုက် ဦးစီးပဓာနဆရာတော် ဦးဝိသုဒ္ဓက စာအောင်ဆုဆက်ကပ်ပွဲ ကျင်းပရခြင်း နှင့်ပတ်သက်၍လျှော က်ထားတင်ပြခဲ့သည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဥ်ထွေးက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ပြီး သဲကုန်းမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်ဦးနန္ဒောဘာသက ယနေ့ပြုလုပ်ကျင်းပခဲ့သော စာ အောင် သံဃာများအား ဂုဏ်ပြုဆုနှင်းသဘင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းအတွက် ကျေးဇူးတင် ဝမ်းမြောက်စကားလျှောက်ထား တင်ပြခဲ့သည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော ဓမ္မစရိယကျမ်းပြီး(၄)ပါး၊ နှစ်ကျမ်းစွဲအောင်(၆)ပါး၊ တစ်ကျမ်းစွဲအောင်(၅)ပါး၊ ပထမလတ်အောင် (၁)ပါး၊ ပထမငယ်အောင်(၇)ပါး၊ အခြေပြုမူလတန်းအောင်(၃၄)ပါး စုစုပေါင်း(၅၇)ပါး တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးယဥ်ထွေးနှင့် တာဝန်ရှိသူများကအောင်လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများ ပူဇော်ဆက်ကပ်ခဲ့သည်။ဆက်လက်၍ မြို့နယ်သံဃာ့နာယက အဖွဲ့ဝင် ဆရာတော်များ/ကြီးကြပ်ရေးဆရာတော်ကြီးများအားနှင့် သံဃာတော်များအား နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေးကာ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)